ရှစ်လေးလုံး သမိုင်းဝင်ပြတိုက် တရားဝင်ဖြစ်ရေး ၀န်ကြီးချုပ်နဲ့ဆွေးနွေး

0
296

ရှစ်လေးလုံး သမိုင်းဝင်ပြတိုက် တရားဝင် ဖြစ်ပေါ်လာဖို့အတွက် ပြတိုင်ကော်မတီဝင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ ရုံးဧည့်ခန်းမမှာ တရားဝင်တွေဆုံခဲ့ကြတာပါ။

အဲဒီလိုတွေဆုံကြရာတော့ ရှစ်လေးလုံးသမိုင်းဝင်ပြတိုက်ကို တရားဝင်မြေဝယ်ယူပြီး တည်ဆောက်နိုင်အောင် ကြိုးစားဖို့နဲ့ မိမိတစ်ဦးတည်းအနေနဲ့လည်း ပံ့ပိုးကူညီမှုပြုလုပ်ပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

13293095_874232246037124_4404328_n

အဲ့ဒီတွေ့ဆုံပွဲကို ဦးအောင်မြင့်၊ ကိုသားကြီး၊ ကိုအံ့ဘွယ်ကျော်၊ ကိုမျိုးမင်းယု (မျိုးကိုမျိုး)၊ ကိုစိန်ဝင်း၊ ကိုကျော်ဆန်းစတဲ့ ရှစ်လေးလုံး ပြတိုက် ဖြစ်မြောက်ရေး ကော်မတီဝင်တွေ တက်ရောက် ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)