နိုင်ငံတော်သမ္မတရုံး တရားဝင် ၀က်ဘ်ဆိုက်လိပ်စာ ဒီဇိုင်းသစ်ပြောင်းလဲ

0
303

နိုင်ငံတော်သမ္မတရုံးရဲ့ တရားဝင် ၀က်ဘ်ဆိုက်လိပ်စာဖြစ်တဲ့www.president-office.gov.mm ကို ဒီဇိုင်းနဲ့ အဆင်အပြင် ပြောင်းလဲ၍ ပုံစံအသစ်လွှတ်တင်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီလို ပြောင်းလဲထားတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာက တဆင့် အသိပေး ပြောကြား ထားတာဖြစ်ပါတယ်။

Presentoffice

အသစ်ပြောင်းလဲလိုက်တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ၀က်ဘ်ဆိုက်မှာတော့ “ပြည်သူ့ တင်ပြချက်” ကဏ္ဍ တိုးချဲ့ဖို့ရှိနေပြီး ပေးပို့သူ ကာယကံရှင်ရဲ့ မိုဘိုင်းဖုန်း နံပတ်နဲ့ SMS Verification Code ရယူပြီးပေးပို့တာ ဒါမှမဟုတ် အီးမေလ်နဲ့ Verification Code ရယူပေးပို့တာတွေကို ဆောင်ရွက်သွားဖို့ရှိတာပါ။ အဲ့ဒီအတွက် မိုဘိုင်းအော်ပရေတာတွေနဲ့ SMS ပေးပို့ဖို့အတွက် ကုန်ကျငွေ ကျခံရေးကိစ္စတွေကို ဆွေးနွေး ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)