လူငယ်နှင့် လူမှုသဟဇာတ ဖြစ်ရေးစင်တာ က Agent of Change သင်တန်း ဖွင့်လှစ်ဖို့ရှိနေ

0
342

လူငယ်နှင့် လူမှုသဟဇာတ ဖြစ်ရေးစင်တာ (Center for Youth and Social Harmony) က ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်မှာ လူငယ်တွေရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး Agent of Change  သင်တန်း ဖွင့်လှစ် သင်ကြားဖို့ရှိနေပါတယ်။

လာမယ့် ဇွန်လ ၃ ရက်နေ့ကနေစတင်ပြီး တစ်လတာ ဖွင့်လှစ်ပို့ချမယ့် အဲ့ဒီသင်တန်းအတွင်းမှာတော့ အခြေခံအင်္ဂလိပ်စာ၊ အခြေခံ လူမှုရေးသိပ္ပံ၊ အခြေခံ နိုင်ငံရေးသိပ္ပံ၊ Federalism, မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လူ့အဖွဲ့အစည်း၏ သရုပ်သဏ္ဍန်တွေ၊ သတင်းအချက်အလက် နည်းပညာ ဆိုင်ရာတွေ၊ အခြေခံသတင်းစာပညာနဲ့ လူငယ်ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေးစတဲ့ ဘာသာရပ်ကို သင်ကြားပေးဖို့ရှိနေတာပါ။

13116375_10206867534662403_8499151066409073641_oသင်တန်းဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး အခြေခံ ပညာ အထက်တန်းသင်ယူ ပြီးမြောက်ထားသူတွေ လျှော်ကထားနိုင်မှာဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာ တွေကို https://www.facebook.com/cyshmm မှာ download ရယူပြီး info@cysh-mm.org မေးလ်လိပ်စာကို မေလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး Email  ပေးပို့ လျှောက်ထားကြရမှာလဲ ဖြစ်ပါတယ်။

သင်တန်း တက်ရောက်လိုသူတွေအနေနဲ့ အမှတ် ၇၉/၈ဝ ငွေချမ်းသာကွန်ဒို၊ သံသုမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့၊ ဖုန်းနံပတ် ဝ၉ ၇၉၇၆ ၅၃၁၂၂ နှင့် ဝ၉ ၇၉၅၈ ၉၅၃၈ တို့ကို ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)