ကျူးကျော်တွေကို ဖယ်ရှားကာ နေရာပြန်ပေးပြီး ထပ်မံကျူးကျော်လာရင် ပြင်းထန်စွာအရေးယူမယ်

0
294

13289106_1014032588651892_1591751869_n

 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်တွေကို ဖယ်ရှာမှုတွေ ဆောင်ရွက်ပြီး နေထိုင်နိုင်ဖို့ စီစဉ်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
13295410_1014032638651887_1553425709_n
မေလ(၂၅)ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ကျူးကျော်အရေးကိစ္စနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားသွားတာပါ။ လက်ရှိမှာ ကျူးကျော်တွေကို စာရင်းကောက်ယူသွားဖို့ရှိနေပြီ လက်ဗွေစနစ် ကွန်ပျူတာစနစ်တွေနဲ့ မှတ်တမ်းတင်ထားရှိသွားမှာဖြစ်ပါတယ်။ ဒီလို စာရင်းကောက်ယူစဉ်ကာလမှာလည်း လုံခြုံရေးကို တိုးမြှင့်ချထားမှာပါ။ ထပ်မံကျူကျော်မှုမျိုး စစ်ဆေးတွေ့ရှိရပါကလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောကြားသွားပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်လုံခြုံရေးဝန်ကြီးကလည်း ငြိမ်းချမ်းရေးအမည်ခံပြီး မြေကွတ်တွေအပေါ်ကိုကျူးကျော်လုပ်ကိုင်နေသူတွေကိုလည်း ဖော်ထုပ်အရေးယူသွားမယ် ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

13285545_1014034955318322_258829616_n

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)