ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ

0
334

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မ တော် ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး မေလ ၂၅ ရက်နေ့ မနက်ပိုင်းက ထွက်ခွာသွားပြီဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း ဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira ရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်ကို သွားရောက်ကြတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

13254700_979847625469436_2215950016083597319_o

အဲ့ဒီ သတင်းထုတ်ပြန်ချက်ထဲမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မ တော် ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံအတွင်း နှစ်နိုင်ငံ စစ်ရေးနဲ့ပတ်သက်ပြီး ဘာတွေ လေ့လာ ဆွေးနွေးကြမယ်ဆိုတာကိုတော့ ဖော်ပြထားတာမျိုး မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)