ဝန်ကြီးနဲ့ ဒုဝန်ကြီးဟောင်းတွေ အတွေ့အကြုံပိုင်းကို အခြေခံပြီး တတ်စွမ်းသမျှ ဝိုင်းလုပ်ဖို့ သမ္မတဟောင်း တိုက်တွန်း

0
364

ဝန်ကြီးနဲ့ ဒုဝန်ကြီးဟောင်းတွေ အသိပညာ၊ အတတ်ပညာပိုင်းနဲ့ အတွေ့အကြုံပိုင်းကို အခြေခံပြီး တတ်စွမ်းသမျှ နိုင်ငံရေးအပြင်ကနေ ဝိုင်းလုပ်ဖို့  နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရင်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေ အပါအဝင် စုစုပေါင်း ၈၀ ဦးလောက်နဲ့ တွေ့ဆုံစဉ်မှာ အဲ့ဒီလိုပြောကြားခဲ့တာလို့ (ဆင်ဟွာ) သတင်းတစ်ပုဒ်မှာ ရေးသားဖော်ပြလာတာပါ။

_51033658_2ministersinburmesedress2apအဲ့ဒီသတင်းမှာပဲ ကြံ့ခိုင်ရေးပါတီကို ပြည်သူတွေ ယုံကြည်အားကိုးလာအောင် ကြိုးပမ်းဆောင်ရွက်မယ်လို့လည်း သမ္မတဟောင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါအပြင်ပါတီတွင်း အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို ပြန်လည်ပြုပြင်ရာမှာ တစ်ဦးချင်း ပြုပြင်ဖို့ လိုအပ်သလို ဗဟိုအဆင့်ကစပြီး အောက်ခြေအဖွဲ့အစည်းအထိ ပြုပြင်သင့်တာတွေကို ရဲရဲတင်းတင်း ပြုပြင်ကြရမယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)