အမေရိကန် – မြန်မာ နှစ်နိုင်ငံ နျူးကလီးယားအရေး ဆွေးနွေး

0
314

အမေရိကန်-မြန်မာ နှစ်နိုင်ငံ နျူးကလီးယားအရေးအတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်မောင်လတ် ဦးဆောင်ပါဝင်ပြီး ကာကွယ်ရေး ၀န်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်နဲ့ အမေရိကန်ပြည်ထောင်စု စွမ်းအင်ဌာန၊ အမျိုးသား နျူကလီးယား လုံခြုံရေးစီမံအုပ်ချုပ်မှုအဖွဲ့တို့က တာဝန်ရှိပုဂ္ဂိုလ်တွေ မလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ နှစ်ရက်ကြာ ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်မှာ ဆွေးနွေးခဲ့ကြတာပါ။

6529အဲ့ဒီဆွေးနွေးမှုအတွင်းမှာတော့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ နျူးကလီးယားလုပ်ငန်းနဲ့ လုပ်ဆောင်မှုတွေ ထိန်းချုပ်စောင့်ကြပ်ခြင်းဆိုင်ရာ သဘောတူစာချုပ်အပါဝင်၊ အဲ့ဒီစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းတွေအတွက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒါအပြင် မြန်မာအစိုးရရဲ့ အဏုမြူစွမ်းအင်ဦးစီးဌာနက ရေးဆွဲနေတဲ့ Nuclear Safety Law နဲ့အတူ ဆက်စပ်နေမယ့် နည်းဥပဒေတွေအတွက်ကိုလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)