ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင် တက်ရောက်နိုင်ခဲ့တဲ့ လူငယ်တောင်တက်သမား(၃)ဦး ပြန်လည်ရောက်ရှိ

0
311

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ကို တက်ရောက်နိုင်ခဲ့တဲ့ မြန်မာတောင်တက်အဖွဲ့ဝင် (၃)ဦးဖြစ်တဲ့ ကိုညီညီအောင်၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့ ဟာ မြန်မာနိုင်ငံကို မေလ(၂၅)ရက်နေ့ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒီလို ပြန်လည်ရောက်ရှိလာကြတာကို မိသားစုဝင်တွေ၊ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ထူးဖောင်ဒေးရှင်း၊ ထူးကုမ္ပဏီများအုပ်စု၊ အဲပုဂံ၊ AGD Bank ၊ Aureum Palace Hotel ၊ Myanmar Treasure Hotel ၊ AGD Bank ၊ Htoo Housing & Property Development ၊ Yangon Air Port Group TCCM ၊ Technical Climbing Club of Myanmar နဲ့ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတို့မှ ၀န်ထမ်းမိသားစုတွေက ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)