6p နိုင်ငံကူးလက်မှတ်သက်တမ်း တိုးခွင့်ရရှိသူများစာရင်းကို ထုတ်ပြန်ကြေညာ

0
436

မလေးရှားနိုင်ငံအခြေစိုက် မြန်မာသံရုံးကနေ 6p နိုင်ငံကူးလက်မှတ်သက်တမ်း တိုးခွင့်ရရှိသူများစာရင်းကို ထုတ်ပြန်ကြေညာထားပါတယ်။ အဲ့ဒီစာရင်းမှာ ပြီးခဲ့တဲ့ 23 ရက် 10 လ 2015 ကနေ 30.10.2015 အတွင်း လျှောက်ထားခဲ့သူတွေထဲက သက်တမ်းတိုးခွင့်ရသူ ၃၃ ဦး 30.10.2015 ကနေ 6.11.2015 အတွင်း လျှောက်ထားသူတွေထဲက သက်တမ်းတိုးခွင့်ရသူ 63 ဦးရှိပြီး ၂၀ ရက် ၁၁ လပိုင်းကနေ ၂၇ ရက် ၁၁ လ ၂၀၁၅ အတွင်းလျှောက်ထားသူတွေထဲမှာ အယောက်100 သက်တမ်းတိုးခွင့်ရရှိကြပါတယ်။ လျှောက်ထားကြသူအားလုံးထဲမှာ အချက်အလက်ကွဲလွဲတာကြောင့် ပြန်လည်စစ်ဆေးရမယ့်သူ 23 ရက် 10 လ 2015 ကနေ 30.10.2015 အတွင်း လျှောက်ထားခဲ့သူတွေထဲက 3 ဦးတွေ့ရှိထားပြီး အချက်အလက်မှန်ကန်မှု မရှိတာကြောင့် သံရုံးကနေပြန်လည်ဆင့်ခေါ်ခံထားရသူ စုစုပေါင်း 22 ယောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)