ကမ္ဘာကျော်လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး အယူခံရက် ထပ်မံတိုးမြှင့်ပေးရေး တောင်းဆိုဖို့ ရှိနေ

0
379

ကမ္ဘာကျော်လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ် ခံထားရတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းအမှု အယူခံရက် ထပ်မံတိုးမြှင့်ပေးရေး ထိုင်းရှေ့နေကောင်စီက တောင်းဆိုဖို့ ရှိနေပါတယ်။ အမှုအယူခံအတွက် စာရွက်စာတမ်းပြင်ဆင်ဖို့ အချိန်မ လုံလောက်တာကြောင့် တရားရုံးမှာ လျှောက်ထားသွားမှာဖြစ်တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေကောင်စီက အမျိုးသမီးရှေ့နေ မစ္စနတ်ထာစီရိ က ပြောကြားလိုက်တာပါ။ မစ္စနတ်ထာစီရိနဲ့ ဘာသာပြန်မအေးမာချို (ခ) မဇာတို့က ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဘန်ကောက်မြို့၊ နွန်ထပူရီအရပ်ရှိ ဘန်ခဝန် ( Bang Kwang) အကျဉ်းထောင်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံမှု အပြီး လူမှုကွန်ယက်စာမျက်နှာက တဆင့် ပြောကြားလိုက်တာဖြစ်ပါတယ်။ အမှုအယူခံတင်သွင်းဖို့အတွက် ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား တင်သွင်းဖို့ ထိုင်းတရားရုံးက သတ်မှတ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)