ဗြိတိန်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးမယ်လို့ ကြေညာ

0
384

ဗြိတိန် EU နဲ့ ဆက်ရှိနေရေး တောင်းဆိုခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ သူ့အနေနဲ့ အောက်တိုဘာလကျရင် ရာထူးက နုတ်ထွက်ပေးမယ်လို့ ဇွန်လ ၂၄ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဗြိတိန်နိုင်ငံက ပြည်သူတွေက ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ပါပြီ ဒီဦးတည်ချက်အတွက် နိုင်ငံအနေနဲ့ ခေါင်းဆောင်သစ်ကို လိုအပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်လို့ ဒေးဗစ်ကင်မရွန်းက ပြောကြားလိုက်တာပါ။ သူ့အနေနဲ့ နိုင်ငံကို နောက်တဆင့်တက်လှမ်းနိုင်ဖို့ စွမ်းဆောင်နိုင်မယ်လို့ မထင်တော့ကြောင့်လည်း ပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ ကွန်ဆာဗေတစ်ပါတီရဲ့ အောက်တိုဘာလမှာ ကျင်းပမဲ့ နှစ်စဉ် ညီလာခံအတွင်း ၀န်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးမှာဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဗြိတိန် အီးယူနဲ့ တွဲရေးခွဲရေး ဆန္ဒခံယူပွဲ ကျင်းပရာမှာ ခွဲရေးဖက်က အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက် ကြေညာတဲ့ ဇွန်လ ၂၄ ရက်နေ့မှာပဲ စတာလင်ပေါင် ဈေးတွေ နှစ်ပေါင်း ၃၀အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)