အများသုံး သန့်စင်ခန်းတွေကို မသန်စွမ်းတွေ အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်

0
328

ရန်ကုန်မြို့တွင်း အဆင့်မြင့် အများသုံး သန့်စင်ခန်းတွေကို မသန်စွမ်းတွေ အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်လို့ YCDC  ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် နေမင်းခ ပေးပို့ထားပါတယ်။

13535789_1361196477229078_1312511072_n

ရန်ကုန်မြို့တွင်း ဆောက်လုပ်ထားတဲ့ အဆင့်မြင့် အများသုံးသန့်စင်ခန်းတွေဟာ မသန်စွမ်းသူတွေ အသုံးပြုဖို့အတွက် အဆင်မပြေတာကြောင့် အခုလိုဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ ဆောက်လုပ် အသုံးပြုနေတဲ့ အဆင့်မြင့် အများသုံးသန့်စင်ခန်းတွေဟာ သာမန် သူတွေ အသုံးပြုဖို့ ရည်ရွယ်ဆောက်လုပ်ခဲ့တာဖြစ်ပြီး မသန်စွမ်းသူတွေ အသုံးပြုနိုင်ဖို့အတွက် အဆောက်အဦရဲ့ ဖွဲ့စည်းပုံတွေကို ပြုပြင်သွားဖို့ လိုအပ်နေတာပါ။

အဲ့ဒီ အဆင့်မြင့် သန့်စင်ခန်းတွေမှာ မသန်စွမ်းသူတွေ အတွက် အခကြေးငွေကောက်ခံမှု နှုန်းထား တွေကိုလည်း သာမန်သူတွေ ထက်လျော့ကျတဲ့ဈေးနှုန်းသတ်မှတ်ပေးဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိနေတာပါ။

ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် သန့်စင်ခန်းတွေကို လူစည်ကားတဲ့ နေရာ ၂၆နေရာမှာ ဖွင့်လှစ်ပေးထားပြီး YCDC  က ပုဂ္ဂလိက ကုမ္ပဏီတွေကို အငှားစာချုပ်နဲ့ လုပ်ကိုင်ခွင့်ပေး ထားဖြစ်ပါတယ်။ အဆင့်မြင့် သန့်စင်ခန်းတွေမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်း ၁၀၀ ကျပ်ထက်ပိုမိုကောက်ခံပါက YCDC ကို တိုင်ကြားနိုင်ပြီး အဲ့ဒီ လိုပိုကောက်ခံတဲ့ ကုမ္ပဏီတွေကို အရေးယူမှုတွေ ပြုလုပ်သွားမှာပဲဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)