ဧည့်သည်ဆိုတာ အိမ်ရှင်နဲ့ အဆင်ပြေအောင် နေရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြော

0
371

ဧည့်သည်ဆိုတာ အိမ်ရှင်နဲ့ အဆင်ပြေအောင် နေရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ပြောကြား လိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို MCN သတင်းထောက် ဗျူးလာဦးက တင်ဆက်ပေးထားပါတယ်ရှင်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့  ထိုင်းနိုင်ငံပထမဆုံး ခရီးစဉ်အတွင်း ဇွန်လ ၂၃ ရက်နေ့က မဟာချိုင်ဒေသက ရွှေ့ပြောင်း မြန်မာလုပ်သားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

အဲ့ဒီအခမ်းအနားကို ထိုင်းအစိုးရက စီစဉ်ထားတဲ့ အလုပ်သမားတွေသာ တက်ရောက်ခွင့်ရရှိခဲ့ပြီး ထောင်နဲ့ချီပြီး လာရောက်စောင့်ဆိုင်းနေကြတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားအများစုကတော့ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံခွင့်မရခဲ့ပါဘူး။ ဒီလို တွေ့ဆုံခွင့် မရခဲ့ကြပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်ဟာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကာအကွယ် ရလိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အရေးဆောင်ရွက်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေလည်း မြန်မာသံရုံးရဲ့စီစဉ်မှုနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း တွေ့ဆုံခွင့် မရှိခဲ့ကြပါဘူး။  ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၄ ရက်နေ့မှာတော့ ရွှေ့ပြောင်း မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နိုင်ဖို့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွန်ချန်အိုချာ နဲ့ လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ ထိုင်းအစိုးရရဲ့ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)