သစ်ထုတ်လုပ်မှု မူဝါဒ ထုတ်ပြန်မှု မရှိသေးတာကြောင့် သစ်အချောထည် လုပ်ငန်းတွေ အခက်ကြုံနေ

0
349

အစိုးရသစ်ရဲ့ သစ်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး တိကျတဲ့ မူဝါဒ ထုတ်ပြန်မှု မရှိသေးတာကြောင့် သစ်အချောထည်လုပ်ငန်းတွေ အခက်ကြုံနေရပါတယ်။ ဒီအကြောင်း ကို MCN သတင်းထောက် ရည်ဝေမွန်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

(ရုပ်သံ သတင်း – ညီဇော်/မြိတ်)

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် သစ်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အစိုးရသစ်ရဲ့ တိကျတဲ့ ညွှန်ကြားချက်တွေ မရှိသေးတာကြောင့် သစ်အချောထည်လုပ်ငန်းတွေ အခက်တွေ့နေကြရတာပါ။ အဲ့ဒီ စက်ရုံတွေထဲ မြိတ်မြို့မှာရှိတဲ့ အထပ်သားစက်ရုံလည်း အပါဝင်ဖြစ်ပြီး ကုန်ကြမ်းရရှိဖို့ အခက်တွေ့နေတာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရသစ်အနေနဲ့ကတော့ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကို လျော့ချသွားဖို့ရှိနေပြီး သစ်ထုတ်လုပ်မှုတွေကိုလည်း ကန့်သတ်သွားတော့မယ်လို့လည်း တရားဝင် ပြောဆိုထားပါတယ်။ ဒီလို မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ပြုလုပ်ဖို့ ရှိနေပေမယ့် စက်ရုံတွေက ၀န်ထမ်းတွေနဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်ဖို့ လမ်းညွှန်မှုတွေ လိုအပ်နေတာပါ။

ဒီစက်ရုံဟာ ပြီးခဲ့တဲ့နှစ် အောင်တိုဘာလက စက်ရုံအပြည့်အ၀မလည်ပတ်နိုင်တာကြောင့် ၀န်ထမ်းတွေ ရဲ့ အနိမ့်ဆုံးလုပ်ခလစားတွေအပေါ် ဖြတ်တောက်မှုတွေ ပြုလုပ်တဲ့အတွက် စက်ရုံအတွင်း အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာပါ။ ဒီလို အခြေအနေတွေနဲ့ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ တိကျတဲ့ ညွှန်ကြား ချက်တွေ ထုတ်ပြန်ပေးဖို့လိုလားနေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)