တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ မုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၉၈ ဦးသေဆုံး

0
331

တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျန်ဆုပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၉၈ ဦးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့က လေဆင်နှာမောင်းပါဝင်တဲ့ မုန်တိုင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ရှန်ဟိုင်းမြို့ကနေ ရန်ချန်မြို့အနီးကို ဦးတည်သွားခဲ့တယ်လို့ ပြည်တွင်းရေးရာဝန်ကြီးကပြောပါတယ်။

လေတိုက်နှုန်းဟာ တစ်နာရီကို ၇၈ မိုင်ထိရောက်ရှိသွားပြီး ဖုနင် (Funing) ဒေသရှိ မြို့တော်တော်များများမှာလည်း မုန်တိုင်းတိုက်ခတ်ခဲ့ပါတယ်။ လက်ရှိ ဥဘတ်ကစ္စတန်နိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်က လည်း ကယ်ဆယ်ရေး လုံလုံလောက်လောက် ဆောင်ရွက်နိုင်ဖို့ လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေ စေလွှတ်ဖို့ နိုင်ငံရဲ့ ၀န်ကြီးတွေကို အမိန့်ပေးခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးဝါးကုသရေးလုပ်ငန်းတွေကို တရုတ်အစိုးရအနေနဲ့ လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းမှာ ရေကြီး ရေလျှံမှုတွေကြောင်း တပတ်အတွင်း သေဆုံးသူ ၂၂ ဦး ရှိပြီး ၂၀ ခန့် ပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ယန်ဇီမြစ်အတွင်း အပျော်စီး သဘောင်္ တစ်စီး နစ်မြုပ်ပြီး လူ ၄၄၂ ဦးသေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)