နိုင်ငံတော် သမ္မတ ဦးထင်ကျော် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး

0
307

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ နေပြည်တော် ပျဉ်းမနားမြို့ အရှေ့ဘက် ၂၆ မိုင် အကွာမှာရှိတဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကိုသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ လျှပ်စစ်ဓါတ်အားပေးစက်ရုံအတွင်းက ဓါတ်အားပေးစက်နဲ့ ဓါတ်အားပေးထိန်းချုပ်ခန်း ၊ ပင်မတမံရှုရပ်ကနေ အထက်ပေါင်းလောင်းတမံ ရေယူအဆောက်အအုံနဲ့ ရေ၀ပ်ဧရိယာတွေကိုကြည်ရှုစစ်ဆေးခဲ့ ပါတယ်။

အဲ့ဒီအပြင် ပေါင်းလောင်းလျှပ်စစ်ဓါတ်အားပေးစီမံကိန်း လုပ်ငန်းခွင်ထဲက ၀န်ထမ်းအိမ်ရာတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပြီး ၀န်ထမ်းတွေနဲ့ တွေ့ဆုံအားပေးစကားပြေားကြားခဲ့ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)