ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နောက် တစ်ရက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ ဖမ်းဆီးခံရ

0
334

ထိုင်းနိုင်ငံ မဲဆောက်မြို့ဖုတ်ဖရာမြို့နယ်မှာ မြန်မာအလုပ်သမား ၂၀၀ လောက် ထိုင်းအာဏာပိုင်တွေက အထောက်မရှိခြင်း၊ အထောက်အထားမပြည့်စုံခြင်းကြောင့်ဆိုပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဖမ်းဆီးတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ထလေထိုင်းငါးဈေးမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံအပြီး နောက်တစ်ရက် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှာ ပြုလုပ်ခဲ့တာပါ။

ဒီဒေသမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာတွေ အများစုနေထိုင်တာဖြစ်ပါတယ်။ နံနက် ၅ နာရီကျော် စတင်ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးတဲ့အဖွဲ့တွေထဲမှာ စစ်တပ်၊ ရဲ၊ လ၀က၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း ပါဝင်တာဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ တစ်ရက်ကို နေ့စားခ ဘတ် ၁၆၀ ခန့်ရရှိပြီး ဒီဒေသက ရွှေ့ပြောင်းမြန်မာတွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေလည်း အများဆုံးခံစားရပါတယ်။

သတင်း/ဓာတ်ပုံ-သောင်ရင်းနဂါး

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)