ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်ရေး အတည်ဖြစ်ပြီ

0
348

ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနဲ့ တွဲရေး ခွဲရေး သမိုင်းဝင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ဇွန်လ ၂၃ ရက်နေ့ မနေ့က ကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ လုံခြုံရေးနဲ့ ဗြိတိန်နိုင်ငံရဲ့ အနာဂတ် စီးပွားရေးဆိုင်ရာ စတဲ့ ကဏ္ဍမျိုးစုံကို ရိုက်ခတ်မှု ရှိနေတဲ့ သမိုင်းဝင်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးသူတွေ သူမသာ ကိုယ်မသာရှိခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့ ဒီကနေ့မှာ ခွဲထွက်ရေးဖက်က ၅၁.၈ % ဆက်နေရေးဖက်က ၄၈.၂ % အသီးသီးရရှိခဲ့ပါတယ်။

ဗြိတိန် EU ကနေ ခွဲထွက်ရေး မဲဆွယ်ခဲ့သူ UK Independence ပါတီခေါင်းဆောင် Nigel Farage ကတော့ ဇွန်လ ၂၃ ရက်နေ့က ဗြိတိန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့အဖြစ် အမြဲအမှတ်ရနေရမယ်လို့ ပြောပါတယ်။ စီးပွားရေး သုံးသပ်သူတွေကတော့ ဗြိတိန်သာ အီးယူကနေ ထွက်သွားမယ်ဆိုရင် စီးပွားရေးဆိုင်ရာ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရဖို့ ရှိတယ်လို့ ခန့်မှန်းကြသလို နှစ်ပေါင်း ၃၀ ကျော်အတွင်း ဗြိတိန်ငွေကြေးတွေလည်း အဆိုးရွားဆုံး ကျဆင်းနိုင်ခြေရှိနေတယ်လို့ သုံးသပ်နေကြတာပါ။

ခွဲထွက်ရေးဖက်က အနိုင်ရပေမယ့် အနည်းဆုံး ၂ နှစ်အချိန်ယူညှိနှိုင်းပြီးမှ ထွက်ရမှာ ဖြစ်တာကြောင့် ခုလောလောဆယ်တော့ အီးယူ စာချုပ် ဥပဒေတွေကို ဆက်လက် လိုက်နာရဦးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)