ဖားကန့်ဒေသ မြေပြိုမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေ ရာနဲ့ချီ သေဆုံးနိုင်

0
429

ဖားကန့်ဒေသ မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ ရာနဲ့ချီ သေဆုံးနိုင်ပေမယ့် ဒေသခံ အာဏာပိုင်တွေကတော့ ယာဉ်ယန္တရားတွေအသုံးပြု ရှာဖွေမှုတွေ ပြုလုပ်ပေးဖို့ ပျက်ကွက်နေပါတယ်။

ဖားကန့်ဒေသရှိ၊ ဆိုင်တောင် ကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ မေလ ၂၃ ရက်နေ့ ည ၈ လောက်က မြေပြိုမှု ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီမြေပြိုမှုကြောင့် လက်ရှိအခြေအနေမှာတော့ ရုပ်အလောင်း ၁၂ လောင်း ရှာဖွေ တွေ့ရှိထားပြီး ရာနဲ့ချီတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ သေဆုံးခဲ့နိုင်တယ်လို့ မျက်မြင် MCN ရဲ့ ဖားကန့်ဒေသခံ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။

002
ဓာတ်ပုံ – ဇော်မိုးထက် (ဖားကန့်)

ဒေသခံအုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ မိသားစုဝင်တွေထဲက ပျောက်ဆုံးသူတွေ စာရင်းလာပေးဖို့ ပြောကြားထားပြီး ရေမဆေးကျောက် လုပ်သားတွေ ကိုယ်ထူ ကိုယ်ထ ရုပ်အလောင်း ရှာဖွေမှုတွေကို ပြုလုပ် နေကြရတဲ့ အခြေအနေမျိုးတွေဖြစ်ပေါ်နေတာပါ။

ပြိုကျထားတဲ့ မြေစာပုံတွေအောက်မှာ ရုပ်အလောင်းတွေ အများအပြား ရှိနေပြီး ယန္တရားတွေကို အသုံးပြု ရှာဖွေရင် ဒီထက်ပိုပြီး ရုပ်အလောင်းတွေကို မြန်မြန်ဆန်ရှာဖွယ်နိုင်မယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ကျောက်စိမ်းလုပ်ကွက်ကို ၁ သုံးလုံး၊ ရတနာရောင်ချည်နဲ့ ထွန်းသစ်စ စတဲ့ ကျောက်မျတ် ကုမ္ပဏီတွေက  ပိုင်ဆိုင်ကြပြီး မိုးရာသီကျောက်စိမ်းထုတ်လုပ်မှု ရပ်ဆိုင်းထားချိန်မှာ အဲ့ဒီလို မြေပြိုမှု ဖြစ်ပေါ်ခဲ့တာပါ။

အဲ့ဒီလို ကျောက်စိမ်းလုပ်ကွက်တွေ မိုးရာသီရပ်နားချိန်မှာ လူဦးရေ ရာနဲ့ချီရှိတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ ကျောက်ရှာဖွေလေ့ရှိကြတာလဲဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ဒီလို မြေစာပုံပြိုကျမှုတွေကြောင့် မကြာခဏ သေဆုံးမှုတွေ ဖြစ်ပေါ်လေ့ရှိပေမယ့် အစိုးရအနေနဲ့ ထိရောက်တဲ့ ဟန့်တားမှုတွေကို မလုပ်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ဖြစ်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)