အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် ပြည်သူတွေရဲ့ ဝေဖန် ထောက်ပြမှုတွေကို ဖော်ပြပေးဖို့ မီဒီယာတွေကို ပြန်ကြားရေးဝန်ကြီးတိုက်တွန်း

0
347

မီဒီယာတွေအနေနဲ့ အစိုးရပိုင်းရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေအပေါ် ပြည်သူတွေက ဝေဖန် ထောက်ပြမှုတွေကို နားထောင်ပြီး ပြန်လည် ဖော်ပြပေးဖို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်ပါတယ်။

မေလ ၂၃ ရက်နေ့က နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၀န်ကြီးဌာနတွေအလိုက် ပြောရေးဆိုခွင့်ရှိသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်တာဖြစ်ပါတယ်။

13275287_873649226095426_707194078_o

ဒါအပြင် အခုတာဝန်ပေးအပ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ အရည်အချင်းတွေကြောင့် ၀န်ကြီးဌာနတွေနဲ့ အစိုးရအဖွဲ့ရဲ့ ပုံရိပ်ကို မိုပိုတိုးတက်စေဖို့ မျှော်လင့်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)