လုပ်ငန်းလိုအပ်ချက်ပေါ် မူတည်ပြီး ယာဉ်ယန္တရား တင်သွင်းခွင့် ဖြေလျော့ ခွင့်ပြု သွားမယ်

0
364

လုပ်ငန်းလိုအပ်ချက်ပေါ် မူတည်ပြီး ယာဉ်ယန္တရား တင်သွင်းခွင့် ဖြေလျော့ ခွင့်ပြု သွားမယ်လို့ စီးပွား/ ကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားလိုက်ပါတယ်။

အရင်က ကုမ္ပဏီတစ်ခုကို တစ်နှစ်မှာ ၁၀ စီးနှုန်းသာ တင်သွင်းခွင့်ပြုခဲ့ရာက ရက် ၁၀၀ စီမံကိန်း အနေနဲ့ လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး ဖြေလျှော့ ခွင့်ပြုသွားမှာလဲဖြစ်ပါတယ်။

cea-myanmar-cross-4

ဒါအပြင် မေလ ၁ ရက်နေ့က စတင်ပြီး နယ်စပ်စခန်းတွေမှာ သွင်းကုန် လိုင်စင်ရထားပြီး တင်သွင်းဖို့ကျန်နေတဲ့ ယာဉ်ယန္တရားတွေကို တင်သွင်း ကုန်လိုင်စင်တိုးမြှင့်ပေးထားပါတယ်။

ဒါ့အပြင် အရင်က ကန့်သတ်ထားတဲ့ ပြည်ပပို့ကုန် ၁၂ မျိုးထဲက ဆီ (၃) မျိုးဖြစ်တဲ့ (ပန်းနှမ်းဆီ၊ မုန့်ညှင်းဆီ)၊ နေကြာဆီတို့ကို တင်ပို့ခွင့် ဖြေလျှော့သွားဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)