စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ငွေဘီလီယံ ၁၇၀၀ ကျော်ကို အတိုးနှုံး ၈ % နဲ့ တောင်သူတွေကို ထုတ်ချေးမယ်

0
367

ကျပ်ငွေဘီလီယံ ၁၇၀၀ ကျော်ကို အတိုးနှုံး ၈ % နဲ့ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တောင်သူ လယ်သမားတွေကို ထုတ်ချေးသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူက ပြောကြားလိုက်ပါတယ်။

မေလ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ဗဟိုဘဏ်က ငွေကျပ်ဘီလီယံ ၅၀၀ ချေးယူမယ့်ကိစ္စကို ဆွေးနွေးစဉ်မှာ ၀န်ကြီးက အဲ့ဒီလိုပြောကြားလိုက်တာပါ။

Myanmar_farmers_600x416ဒီလိုပြောကြားရာမှာတော့ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ်ဘီလယံ ၅၀၀ ကိုသာ ဗဟိုဘဏ်က ချေးယူတဲ့အကြောင်းနဲ့ ကျန်တဲ့ ကျပ်ငွေဘီလီယံ ၁၂၀၀ ကျော်ကို မြန်မာ့စီးပွားရေးဘဏ်က ချေးယူကြောင်း ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

အဲ့ဒီ ငွေတွေကို ဆန်စပါး စိုက်တောင်သူတွေကို အဓိက ချေးငှားသွားမှာဖြစ်ပြီး၊ နိုင်ငံတော်ငွေ မဆုံးရှုံးစေဖို့ လယ်ယာမူဝါဒအရမြေပုံစံ (၇) ရှိမှသာ ချေးငှားပေးနေ တယ်လို့လည်း ပြောကြားထားပါတယ်။။။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)