ရုပ်သံလွှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး နေပြည်တော်မှာ ဆွေးနွေးမယ်

0
373

ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက မေလ (၂၇) ရက်နေ့၊ နေပြည်တော်မှာ  ကျင်းပ ဖို့ရှိနေပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာတော့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေနဲ့အတူ မြန်မာနိုင်ငံအတွင်းက ရုပ်သံလွှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ရုပ်သံသတင်းမီဒီယာ လောက သားတွေ အပြန်အလှန်ဆွေးနွေးကြဖို့ ရှိနေတာပါ။

index

တံခါးပိတ် ဆွေးနွေးပွဲအနေနဲ့ ကျင်းပမယ့် အဲ့ဒီဆွေးနွေးပွဲ အတွင်းမှာတော့ မြန်မာနိုင်ငံအတွင်းက ရုပ်သံလွှင့် မီဒီယာဖွံဖြိုးတိုးတက်မှုတွေအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်တွေနဲ့ အခွင့်အလမ်းပိုင်းဆိုင်ရာတွေကိုပါ ဆွေးနွေးသွားကြဖို့ ရှိနေပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)