ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) အဖြစ် အမည်ပြောင်းလဲ အသုံးပြုမယ့်အပေါ် ကန့်ကွက်လိုသူ ရှိမရှိ ကော်မရှင် ထုတ်ပြန်ကြေညာ

0
347

ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) အဖြစ် အမည် ပြောင်းလဲ အသုံးပြုမယ့်အပေါ် ကန့်ကွက်လိုသူ ရှိမရှိ  ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ထုတ်ပြန်လာပါတယ်။

မေလ ၂၄ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေက တဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က အသိပေး ထုတ်ပြန်လာတာပါ။

bodyဒီ အသိပေး ထုတ်ပြန်ချက်ထဲမှာပဲ ပါတီအနေနဲ့ အသုံးပြုမယ့် အလံနဲ့ တံဆိပ်တွေကိုပါ ကော်မရှင်က ပူးတွဲ အသိပေးဖော်ပြတာ ဖြစ်ပါတယ်။

အဲ့ဒီပါတီကို အရင်က ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက် The Kachin National Congress for Democracy ပါတီလို အမည် အသုံးပြုခဲ့ရာက အခုလို အမည်ပြောင်းလဲလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)