လူသေဆုံးမှုတွေကို မြန်မာ့မီးရထားက ထိန်းချုပ်ဖို့ ဆောင်ရွက်တော့မည်

0
401

ရထား မရပ်ခင်မှာ အတက်အဆင်း ပြုလုပ်တဲ့ ခရီးသည်တွေကြောင့် မတော်တဆ လူသေဆုံးမှုတွေ အများဆုံးဖြစ်ရတယ်လို့ မြန်မာ့မီးရထားက တာဝန်ရှိသူတွေက ပြောဆိုနေကြတာဖြစ်ပါတယ်။

နှစ်အလိုက်ကြည့်မယ်ဆိုရင်လည်း ရထားမတော်တဆဖြစ်ပွားမှုတွေဟာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာတာပါ။ ဒီလို မတော်တဆမှုတွေကနေ တစ်ဆင့် လူသေဆုံးမှုတွေပါဖြစ်ပွားနေတာဖြစ်ပါတယ်။

ရထားမတော်တဆမှုတွေဟာ ၂၀၁၄ ခုနှစ်မှာ ၁၉ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၂၄ မှုအထိဖြစ်ပွားခဲ့လာတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရထားမတော်တဆမှုမှာ လူသေဆုံးမှုအနေနဲ့ ၁၉ ဦးအထိ ရှိခဲ့တာပါ။ အဲ့ဒီလို မတော်တဆမှုတွေ ပပျောက်လျော့နည်းအောင် ပြည်သူတွေနဲ့ ရထားစီးခရီးသည်တွေ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို ဗီနှိုင်းထုတ်ပြီး ရန်ကုန်ဘူတာကြီးအပါအ၀င် မြို့ပက်ဘူတာတွေမှာ ပြသထားမှာပါ။

အခုလို့ ရထားမတော်တဆ ဖြစ်ပွားမှု တွေ ပပျောက်အောင် အရင်ကတည်း ကလည်း မြန်မာ့မီးရထား အနေနဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေအနေနဲ့ လူကူးခုံးကျော်တံတားက တွေ့တဲ့နေရာက ကူးနေတဲ့အတွက် မတော်တဆမှုတွေက ရှိနေသေးတာပါ။ ဒါ့အပြင် မြန်မာ့မီးရထားက လက်ရှိအသုံးပြုနေတဲ့ မီးရထားတွဲတွေဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့အပြင် ခရီးသည် အတက်အဆင်း အပေါက်တွေမှာ တံခါးမရှိတာတွေဟာလည်း မတော်တဆမှုဖြစ်ပွားစေနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)