မြန်မာဘရုဝါရီ ကုမ္ပဏီလီမိတက်က ကြီးမှူးပြီး ၁၈ ကြိမ်မြောက် သွေးလှူ ဒါန်းပွဲပြုလုပ်

0
349

မြန်မာဘရုဝါရီ ကုမ္ပဏီလီမိတက်ကနေ ကြီးမှူးပြီး ၁၈ ကြိမ်မြောက်သွေးလှူဒါန်းတဲ့အစီအစဉ်ကို ဒီကနေ့မနက်က မန္တလေးမြို့ အထွေထွေပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဌာနမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာ ဘရူဝါရီ ကုမ္ပဏီလီမိတက်ဟာ မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်ကတည်းကတည်ထောင်ဖွဲ့စည်းထားတဲ့ လုပ်ငန်းတစ်ခုဖြစ် ပါတယ်။ မြန်မာ ဘရူဝါရီ ကနေ ကရုဏာရှေးရှုမြန်မာမှုဆိုတဲ့ အစီအစဉ် ကိုရေးဆွဲခဲ့ပြီး မြန်မာနိုင်ငံက လူမှုရေး ကျန်းမာရေး ပညာရေး ၊ အားကစားနဲ့ သဘ၀ဘေးအန္တရယ်ကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေရာမှာ ကျန်းမာရေးကဏ္ဍရဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ်နဲ့ သွေးလှူဒါန်းပွဲတွေပြုလုပ်ခဲ့တာဖြစ်ပါ တယ်။

အခုဆိုရင် ၁၈ ကြိမ်မြောက်သွေးလှူဒါန်းပွဲကို ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် သွေးပုလင်းပေါင်း တစ်သောင်းငါးထောင့်တစ်ရာအထိ စုဆောင်းထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)