စံချိန်မီတဲ့ ကိုယ်ရေးအကျဉ်း ကိုယ်ရေးအချက် အလက်ဖော်ပြမှုမျိုးကို ရေးသားနိုင်ဖို့ လိုအပ်နေ

0
304

မြန်မာနိုင်ငံ က လူငယ်တွေအနေနဲ့ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာ လုပ်ငန်းရှင်တွေဘက်က မြင်တွေ့လိုတဲ့ ကိုယ်ရေးအချက်အလက်ဖော်ပြမှုမျိုးကို ရေးသားနိုင်ဖို့ လိုအပ်နေတာပါ။ ဒီအကြောင်း အပြည့်အစုံကို MCN သတင်းထောက် အောင်ကျော်မိုးက သတင်းပေးပို့ထားပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံက လုပ်ငန်းခွင်အများစုဟာ နိုင်ငံတကာက ၀င်ရောက်လာတဲ့ လုပ်ငန်းတွေနဲ့ပြိုင်ဆိုင်ဖို့ ကြိုးစားနေကြတဲ့အတွက် စံချိန်မီတဲ့ ကိုယ်ရေးအကျဉ်း CV ဖောင်ကိုကိုင်ဆောင်ပြီး လျှောက်ထားလာမယ့် ကျွမ်းကျင်ဝန်ထမ်းတွေကို အလိုရှိ နေတာဖြစ်ပါတယ်။

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မူ လုပ်ငန်းကိုလုပ်ကိုင်နေတဲ့ work.com.mm ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တွေ အရ ၄ နှစ်တာကာလအတွင်း စံချိန်ပြည်မှီတဲ့ CV ဖောင်အရေအတွက်ဟာ ၁ သိန်းခန့် သာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အလုပ်လျှောက်သူတော်တော်များများဟာ နီးစပ်ရာ မိတ္တူဆိုင်တွေကနေ CV ဖောင် ၀ယ်ယူပြီး ရေးသားနေကြပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိပြီးသား သူတွေကလည်း တခြားအလုပ်တစ်ခုအတွက် CV တင်တဲ့ နေရာမှာ CV ဖောင်ကို သမရိုးကျအတိုင်းလျှောက်ထားနေကြသေးတာပါ။

မြန်မာနိုင်ငံမှာပြည်တွင်းအလုပ်အကိုင်တွေကို ရှာဖွေလျှောက်ထားတဲ့နေရာမှာ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကနေ တစ်ဆင့် ရှာဖွေတာတွေ အပြင် နီးစပ်ရာလူတွေကနေတဆင့် ရှာဖွေလျှောက်ထားနေကြပြီး ပြီးပြည်စုံတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အလုပ်အကိုင်လျှောက်ထားမူတွေကတော့ နည်းပါးနေတာဘဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)