အလုပ်အကိုင် ခေါ်ယူမှုနည်းပါးလာတာကြောင့် သင်္ဘောသားတွေ အလုပ်အကိုင် ရှားပါးလား

0
406

မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသားတွေအနေနဲ့ နိုင်ငံတကာ သင်္ဘောကုမ္ပဏီတွေက အလုပ်အကိုင်ခေါ်ယူမှု နည်းပါးလာတဲ့အတွက် အလုပ်အကိုင်ရှားပါးမူတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကမ္ဘာ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်းတွေရဲ့ ကုန်စည်စီးဆင်းမှု အရှိန်အဟုန်နည်းပါး လာတာကြောင့် နိုင်ငံတကာသင်္ဘောကုမ္ပဏီတွေက လုပ်သား အင်အားလျှော့ချခေါ်ယူမူတွေကလည်း အလုပ်အကိုင်အခွင့် အလမ်းတွေကိုနည်းပါးစေခဲ့တာပါ။

သင်္ဘောသားလက်မှတ်ကို အခုမှ စတင်ရရှိပြီး သင်္ဘောစလိုက်ဖို့ လုပ်နေတဲ့ လူငယ်တွေ ဟာ အလုပ်အကိုင်ရှားပါးမူတွေအပြင်အလုပ်ရဖို့အတွက် အချို့ သင်္ဘော ကုမ္ပဏီတွေကိုသိန်း ၈၀ ကနေ သိန်း ၅၀ အထိပေးနေရပါတယ်။

ဒ့ါအပြင် သင်္ဘောသားတွေ လုပ်ငန်းခွင်မှာ အခွင့်အရေဆုံးရှူံးမူတွေရှိနေပြီး မြန်မာနိုင်ငံက သင်္ဘောသားတွေကို ပို့ဆောင်ပေးနေတဲ့ ကုပ္မဏီတစ်ချို့ဟာလည်း တာဝန်ယူမှုကင်းမဲ့နေတယ်လို့ သင်္ဘောသား တွေက ပြောပါတယ်။
အခုလို သင်္ဘောသားတွေ အခက်အခဲတွေကြုံတွေနေရတဲ့အပေါ် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်က ဥက္ကဋ္ဌ ကပ္ပတိန် ဦးစံသိန်းက အခုလိုပြောပါတယ်။

မေ လ၂၃ရက်နေ့က မြန်မာနိုင်ငံအနေနဲ့ Maritime Labour Convention, 2006 ကို လက်မှတ် ရေးထိုးခဲ့တာကြောင့် ဒီဥပဒေဟာ ၂၀၁၇ ခုနှစ်မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ Maritime Labour Convention, 2006 ကို မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့အတွက် သင်္ဘောသား အများစုအနေနဲ့ ကာကွယ်မှုတွေ နဲ့ အခွင့်အရေးတွေ ပိုမို ရလာနိုင်မယ်လို့ မျှော်လင့် နေကြတာဘဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)