မြန်မာအလုပ်သမားများ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ကောင်းကောင်း သိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတင်းစကားပါး

0
347

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေနဲ့ တွေ့ခွင့်မရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကောင်းကောင်းသိနားလည်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့ ထလေထိုင်းခန်းမမှာ ထိုင်းအစိုးရကစီစဉ်ပေးတဲ့ အလုပ်သမားတွေနဲ့တွေ့ဆုံအပြီး ခန်းမက ပြန်ထွက်လာချိန်မှာ ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများကွန်ရက်က နိုင်ငံတကာအကြံပေးတာဝန်ယူထားတဲ့ အန်ဒီဟောကတဆင့် ခန်းမအပြင်မှာစောင့်နေတဲ့ ထောင်ပေါင်းများစွာသော မြန်မာအလုပ်သမားတွေကို သတင်းစကားပါးခဲ့တာဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရှိထားပြီး မြန်မာသံရုံးက ပေးအပ်ထားတဲ့ တံဆိပ်တပ်ဆင်ထားသူတွေကိုလည်း ခန်းမအတွင်းဝင်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)