သင်္ဘောသားတွေကို အခွန်ပြန်ကောက်ဖို့ပြောကြားတာ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ရဲ့ သဘောထား မဟုတ်

0
337

မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဘောသားအလုပ် လုပ်ကိုင်နေသူတွေကို အခွန်ငွေ ပြန်ကောက်ဖို့ ပြောကြားခဲ့တာဟာ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ရဲ့ သဘောထား မဟုတ်ဘူးလို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် စံသိန်းက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးရဲအောင်က ပြည်တွင်းသတင်းစာတစ်စောင်ကနေ သင်္ဘောသားတွေကို အခွန်ကောက်ပါလို့ ပြောဆိုခဲ့တာကြောင့် အဖွဲ့ချုပ်ရဲ့ သဘောထားမဟုတ်ဘူးလို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် စံသိန်းက ပြန်လည်ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ သင်္ဘောသားအရေအတွက် တစ်သိန်းခန့်ရှိပြီး မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ဟာ သင်္ဘောသားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)