ထိုင်းနိုင်ငံ ဝေးလံဒေသက မြန်မာတွေ လုပ်ငန်းခွင်မှ ခွင့်ယူပြီး ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆို

0
366

ထိုင်းနိုင်ငံကို တရားဝင်ခရီးရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေက ကြိုဆိုဖို့ လုပ်ငန်းခွင်တွေကနေ ခွင့်တစ်ရက်ယူပြီး သွားရောက်ကြိုဆိုနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေနဲ့တွေ့ဆုံမယ့်နေရာဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ၂၁ မိုင်အကွာမှာရှိနေပြီး ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက်ကတည်း ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုဖို့ စောင့်ဆိုင်းနေခဲ့ကြတာပါ။

ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးဖြစ်တဲ့ ဘထူးက ဒီကနေ့မနက်အစောကတည်းက သူငယ်ချင်းအယောက် ၂၀ လောက်စုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ခရီးထွက်ခဲ့ပါတယ်။ “ကျွန်တော်တို့ အမေဖြစ်သလို သူ့ကို အများကြီးချစ်တယ်။ ဒါကြောင့် သူ့ကိုသွားတွေ့မယ်”လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)