မြိတ်မြို့မှာ လူနေအိမ်တစ်လုံးကို ကားတစ်စီး ၀င်တိုက်

0
378

asdf

asdfas

index

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ဈေးတန်းရပ်ကွက်မှာ လူနေအိမ်တစ်လုံးကို ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ ဇွန် ၂၃ ရက်နေ့ နေ့လယ်က နောက်လယ် (၇) လမ်းမကြီးမှ ဈေးတန်းရပ်ကွက် ပုလဲလမ်းမကြီးအတိုင်း မောင်းနင်းလာသည့် ပါဂျဲရိုးယာဉ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ ဈေးတန်းရပ်ကွက် ပုလဲလမ်းနင့် ဈေးခေါင်း (၃) လမ်းထောင့်ရှိ အိမ်နံပါတ် (၄၈) နေအိမ်ကို ၀င်ရောက်တိုက်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် အိမ်ရဲ့ အရှေမျက်နှာစာ၊ ကွန်ကရစ်ထိုင်ခုံတွေနဲ့ ပလက်ဖောင်း ရေမြောင်း တစ်ချို့ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ပါဘူး။ အဲဒီယာဉ်မောင်းကို မော်တော်ယာဉ် မဆင်မခြင်မောင်းနင်းမှုနဲ့ မြိတ်မြို့မရဲစခန်းက ယာဉ်(ပ) ၂၁၁/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့်ပြီး အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)