နှင်းဆီစကားထာ ဇာတ်လမ်းတွဲ ဒီနှစ်မကုန်ခင် ပြီးအောင်ရိုက်ကူးသွားမယ်

0
358

ဝေဖန်မှုတွေရှိခဲ့တဲ့ နှင်းဆီစကားထာဇာတ်လမ်းတွဲ ဒီနှစ်မကုန်ခင် ပြီးအောင်ရိုက်ကူးသွားမယ်လို့ ဇာတ်လမ်း၊ ဇာတ်ညွန်း သွန်းနေစိုးက ပြောပါတယ်။ MCN သတင်းထောက် အေးမြတ်က သတင်းပေးပို့ထားပါတယ်။

MWD Digital ရုပ်သံမှာ ပြသသွားမယ့် နှင်းဆီစကားထာ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း ပြီးဆုံးအောင်ရိုက်ကူးသွားမယ်လို့ ဇာတ်လမ်း ၊ ဇာတ်ညွန်း သွန်းနေစိုးက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက် လက်ရှိမှာ အနုပညာရှင်အသစ်တွေကို သရုပ်ဆောင်ပညာနဲ့ပတ်သက် သင်ကြားပို့ချမှုတွေပြုလုပ်နေပြီး ဝေဖန်မှုတွေအပေါ် တုံ့ပြန်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

“အရာအားလုံးဟာ ထိုက်တန်တဲ့ရင်းနှီးမှု၊ ထိုက်တန်တဲ့ပေးဆပ်မှုဆိုတာရှိပါတယ်။ကျွန်တော့်အနေနဲ့ မလိုလားအပ်တဲ့တိုက်ခိုက်မှုတွေကို ပြန်ပြီးတော့ရင်ဆိုင်နေမယ်၊ အဲ့ဒီအပေါ်မှာ အချိန်ကုန်နေရင် ဇာတ်လမ်းတွဲရိုက်ကူးရေးမှာ အချိန်လစ်ဟင်းသွားမယ်၊ နောက်တစ်ချက်က ဒီဇာတ်လမ်းကို ပြီးအောင်အရင်ထွက်ပြချင်တယ်။ ဒီကားထွက်ပြီးတော့မှ ကျန်တဲ့ကိစ္စတွေကို ဆက်လုပ်သွားလို့ရပါမယ်”လို့ သွန်းနေစိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး နာမည်ကြီးဒါရိုက်တာတစ်ယောက်ရဲ့အမည်ခံကာ ငွေကြေးလိမ်လည်ယူမှုတွေဖြစ်ခဲ့တယ်လို့ သတင်းစာရှင်းလင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။

“ဒီလိုနာမည်ကြီးတဲ့ ဒါရိုက်တာတစ်ယောက်ကို အမည်ခံပြီးဆိုတာကို ပြောရမယ်ဆိုရင် ဒီဒါရိုက်တာမပါတော့ဘူးဆိုတာ ကလေးတွေသိတဲ့အချိန်မှာကတည်းက ကလေးတွေကို သူတို့ဘာသာနှုတ်ထွက်ခွင့်ပြုထားပြီးသားပါ။ ဒီဒါရိုက်တာကြောင့်လာတာလား၊ ဒီဇာတ်ကားရဲ့အောင်မြင်မှုကြောင့်လာတာလားဆိုတာ အဲ့ဒီမှာပေါ်လွင်နေပါပြီ။ ဒီဒါရိုက်တာတစ်ယောက်ကို နာမည်ခံပြီးတော့ အသုံးချတယ်ပြောမယ်ဆိုရင် အခုအချိန်မှာ ဒီဒါရိုက်တာမပါဘူးဆိုတာ လူသိထင်ရှားဖြစ်နေပါပြီ။ အဲ့ဒီလူသိထင်ရှား ဖြစ်ပြီးတော့မှာ ကျွန်တော်ဆက်သွားနေတာပဲ ဖြစ်ပါတယ်”လို့ သွန်းနေစိုးက ဆိုပါတယ်။

နှင်းဆီစကားထာ ဇာတ်လမ်းတွဲကို မျိုးဆက်သစ်လူငယ်သရုပ်ဆောင်သစ်တွေပေါ်ထွက်လာဖို့အတွက် ရိုက်ကူးခဲ့တာဖြစ်သလို ဇာတ်လမ်းတွဲ အပိုင်း (၂၀)ပါဝင်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး   ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ)နဲ့ လက်တွဲရိုက်ကူးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)