ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအ၀ိုင်းလို့ ခေါ်ဝေါ် သုံးနှုန်းတာကို ဒေသခံပြည်သူတွေ လက်မခံကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်

0
345

အစိုးရသစ်က ကုလသမဂ္ဂမှာ ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်းလို့ ခေါ်ဝေါ်သုံးနှုန်းတာကို ဒေသခံတိုင်းရင်းသားပြည်သူတွေ လက်ခံတဲ့အသုံးအနှုန်းမဟုတ်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၂၃ ရက်နေ့ထုတ် ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ အဲဒီလိုဖော်ပြထားတာပါ။ အဲဒီလိုခေါ်ဝေါ်သုံးနှုန်းတာကြောင့် အစိုးရသစ်ဦးတည်တဲ့ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကြား အဆင်ပြေမှုထက်စိတ်ဝမ်းကွဲပြားမှုတွေ၊ သဘောထားကွဲပြားမှုတွေ မဖြစ်စေဖို့ ဂရုပြုရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘင်္ဂါလီပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ တစ်ဖက်နဲ့တစ်ဖက် ရန်လိုမုန်းတီးပြီး စိတ်ဝမ်းကွဲတာတွေ မဖြစ်စေဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့လိုအပ်ပြီး ဒေသခံပြည်သူတွေ ဒေသခံပါတီတွေရဲ့သဘောထားကိုလည်း အလေးထားဖို့လိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)