ဧရာဝတီမြစ်ရေ ၃ ရက်အတွင်း ၈ ပေလောက်အထိ မြင့်တက်လာနိုင်

0
335

ဧရာဝတီမြစ်ရေ ၃ ရက်အတွင်း ၈ ပေလောက်အထိ မြင့်တက်လာနိုင်တာကြောင့် မြစ်ကြောင်း တလျှောက် မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးကြေညာလိုက်ပါတယ်။

မေလ ၂၃ ရက်နေ့ မြန်မာ့စံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာရရှိချက်တွေအရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၃၆ နာရီအတွင်း ၁၀ ပေလောက်အထိ မြင့်တက်လာခဲ့ပြီး နောက် ၃ ရက်အတွင်း ဗန်းမော်မြို့နဲ့ ကသာမြို့တွေမှာ (၆)ပေကနေ (၈) ပေလောက် အထိ မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

13288792_10205566838044981_1638005535_o

အဲ့ဒီမြစ်ရေဟာ နောက် (၃) ရက်ကနေ (၆) ရက်အတွင်းမှာတော့ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တွေမှာ (၇) ပေကနေ (၈) ပေလောက်အထိ လက်ရှိရေမှတ်တွေထက် အထက်မြင့်တက် လာနိုင်ပါတယ်လို့ ခန့်မှန်း ထားပါတယ်။

ဒါကြောင့် ဧရာဝတီမြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)