လိပ်ကျွန်း လူသတ်မှုအတွက် မြန်မာနှစ်ဦးရဲ့ အယူခံလွှာ တရားရုံးက လက်ခံ

0
323

လိပ်ကျွန်းလူသတ်မှုကျူးလွန်သူတွေအဖြစ် စွပ်စွဲခံထားရပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား မောင်ဝင်းဇော်ထွန်း နဲ့ မောင်ဇော်လင်း တို့နှစ်ဦးရဲ့ အယူခံတင်သွင်းလွှာကို ကော့စမွီတရားရုံးမှာ ထိုင်းရှေ့နေများကောင်စီက တင်သွင်းခဲ့ရာမှာ တရားရုံးက လက်ခံကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

13256133_502542186607709_2587776947382947320_n

အယူခံတင်သွင်းရာမှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့၊ ထိုင်းရှေ့နေများကောင်စီနဲ့ နိုင်ငံတကာက မှုခင်းပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ပူးပေါင်း ရေးသား ပြုစုထားတဲ့ အယူခံလွာကို တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။

ဒီအယူခံလွာမှာ ထင်ရှားတဲ့ အယူခံအကြောင်းပြချက် (၁၅)ချက်ပေါ်မှာ အခြေခံပြီး ရေးသား ပြုစုထားပြီး စာမျက်နှာ (၁၉၇) မျက်နှာပါဝင်တဲ့ အယူခံလွာစာတမ်းမှာ မျိုးရိုးဗီဇနဲ့ ပတ်သက်တာတွေကို အဓိကဦးစားပေး စနစ်တကျ ရေးသားပြင်ဆင်ထားတာဖြစ်ပါတယ်။
အယူခံတင်သွင်းလွှာကို တရားရုံးက လက်ခံခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ဥပဒေအရ အယူခံတရားရုံး ဖွဲ့စည်းရမှာ ဖြစ်ပြီး နှစ်ဖက်အယူခံ (တရားလို၊ တရားခံ)တွေကို တရားရုံးက ဆင့်ခေါ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)