ဆုကြေး သိန်းပေါင်း တစ်သောင်း ရရှိမယ့် ကျပ် ၅၀၀ တန်ထီလက်မှတ်များ ရောင်းချမယ်

0
334

ကျပ်ငွေ သိန်းပေါင်း တစ်သောင်း ဆုကြေးအဖြစ် ရရှိမယ့် ကျပ် ၅၀၀ တန် ထီလက်မှတ် တွေကို ၂၀၁၆ နှစ်ဆန်းပိုင်းမှာ စတင် ရောင်းချသွားဖို့ ရှိနေပါတယ်။

ပြည်တွင်းအခွန်ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနက ညွှန်ကြားရေးမှူး ဦးမင်းထွဋ်က အစိုးရသစ် ရက် ၁၀၀ စီမံကိန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံပိုင် မီဒီယာတွေ ကိုပြောကြားစဉ်မှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီ ကျပ် ၅၀၀ တန် ထီလက်မှတ်ရဲ့ အမြင့်ဆုံးဆုငွေအဖြစ်  ကျပ်သိန်း ၁ သောင်း ပေးအပ်သွားမှာဖြစ်ပြီး ဒုတိယဆုတွေအဖြစ် ကျပ်သိန်း ၅ ထောင်၊ ကျပ်သိန်း ၁ ထောင်၊ ကျပ်သိန်း ၅၀၀ စတဲ့ ဆုတွေလည်း ပေးအပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)