စဥ့်ကူးမြို့က ကလေးငယ် ၄ ဦး ဓာတ်လိုက်သေဆုံးမှု မြို့နယ်လျှပ်စစ်ရုံးက အချိန်မီ မပြုပြင်ပေးခဲ့တာကြောင့်လို့ဆို

0
324

စဥ့်ကူးမြို့က ကလေးငယ် ၄ ဦး ဓာတ်လိုက်သေဆုံးမှု မြို့နယ်လျှပ်စစ်ရုံးက အချိန်မီမပြုပြင်ပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက MCN သတင်းဌာနကို ပြောပါတယ်။

13221468_527795704075780_4429537569338958011_n

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့မှာ မေလ (၂၀) ရက်နေ့က ကလေးငယ်တွေ အစုလိုက်အပြုံလိုက် ခြံစည်းရိုးကတစ်ဆင့် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တဲ့အပေါ် အခင်းဖြစ်ပွားမှုကို မြင်တွေ့ခဲ့တဲ့ မြို့ခံတွေက ပြောတာပါ။

“ဓာတ်လိုက် သေဆုံးမှု ဖြစ်ခဲ့တဲ့ အိမ်ပိုင်ရှင်က အိမ်ကိုသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုး ပြတ်တောက် နေတာကို ပထမအကြိမ် မြို့နယ်လျှပ်စစ် ရုံးကိုခေါ်ပြီး ပြင်ခဲ့တယ်။ မြို့နယ်စစ်ရုံးက လာပြင်ခဲ့တဲ့ လျှပ်စစ်မီး ကြိုးက ပြန်ပျက်ပြီး ခြံစည်းရိုးကို ထိပြီးလျှပ်စစ်စီးဝင်နေခဲ့တာ။ အဲဒါကို ခြံစည်းရိုးနဲ့ထိပြီး အကောင်တွေ သေနေတော့ ဒုတိယအကြိမ် မြို့နယ်လျှပ်စစ်ကို လာပြင်ပေးဖို့ ဖုန်းဆက်ပြီး ပြောပေမယ့် မလာခဲ့ဘူး’လို့ အဲဒီနာရေးကို ကူညီလုပ်ဆောင်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

ဒီသတင်းကို အတည်ပြုနိုင်ဖို့ MCN သတင်းဌာနက စဥ့်ကူးမြို့နယ် လျှပ်စစ်ဌာနကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖုန်းဖြေကြားခြင်း မရှိသေးတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်နေပါတယ်။ လက်ရှိအခြေအနေမှာတော့ ကလေးငယ်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး မြို့နယ်ရဲစခန်းက အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ စစ်ဆေးမှု တွေပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)