စင်ကာပူရောက်မြန်မာများနဲ့ ဦးကိုကိုကြီးတွေ့ဆုံဆွေးနွေးမှုပြုလုပ်

0
315

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးကိုကိုကြီး ဟာ စင်္ကာပူနိုင်ငံ ISEAS ကနေ ဖိတ်ခေါ်တဲ့ Myanmar Forum ကို သွားရောက်ခဲ့သလို မေလ ၂၀ ရက်နေ့မှာ စင်္ကာပူနိုင်ငံရောက် မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဦးကိုကိုကြီးဟာ လက်ရှိမြန်မာ့နိုင်ငံရေး အပေါ် စိတ်ပါဝင်စားတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး အမြင်ကို အပြုသဘောဆောင်တဲ့အခြေအနေလို့ သုံးသပ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတဲ့ Tube Well Sponsor Group ကနေ မြန်မာနိုင်ငံက ရေရှားပါးတဲ့ နေရာဒေသတွေ အတွက် ဒုတိယအကြိမ်မြောက်လှုဒါန်းတဲ့ အလှူငွေ စင်္ကာပူ ဒေါ်လာ ၇၀၆၀ နဲပ Fly to Vote အဖွဲ့ဝင်ဟောင်းကနေ လှူဒါန်းငွေ စင်္ကာပူဒေါ်လာ ၂၃၀ ကို ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ကိုယ်စား ဦးကိုကိုကြီးကနေ လက်ခံရယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)