ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ စီးတီးအသင်း ရွှေတိဂုံစေတီ လာရောက်ဖူးမြော်

0
358

၂၀၁၅-၂၀၁၆  အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံလက်စတာစီးတီးအသင်းဟာ ရန်ကုန်မြို့ကို
လာရောက်ပြီး ရွှေတိဂုံစေတီတော်မှာ အောင်မြေနင်းခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဇေယျက သတင်းပေးပို့ထားပါတယ်။

မေလ ၂၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာစီးတီးအသင်းရောက်ရှိလာခဲ့ပြီး  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အန်ဒရူးပက်ထရစ် ကလည်း ကြိုဆိုခဲ့ပါတယ်။ လက်စတာအသင်းဟာ ရန်ကုန်မြို့ကို လာရောက်ကြတဲ့ အဓိကရည်ရွယ်ချက်ကတော့ ရွှေတိဂုံစေတီမှာ  အောင်မြေနင်းဖို့ပါ။ မြန်မာနိုင်ငံက လက်စတာစီးတီး ပရိသတ်တွေကလည်း နေ့လည် ၂ နာရီခန့်ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်း ပိုင်ရှင်နဲ့ ထိုင်းလူမျိုးဗီချိုင်း နည်းပြချုပ် ရာနီရေရီ၊ ကစားသမားခုနစ်ဦးအပါအ၀င် အဖွဲ့ဝင် ၅၆ ဦးပါဝင်တဲ့ အဖွဲ့ဟာ ညနေ ၆ နာရီခန့် က ရွှေတိဂုံစေတီပေါ်ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ရွှေတိဂုံဘုရား ရာဟုထောင့်မှာရှိတဲ့ အောင်မြေ နင်းပြီး အသင်းပရိတ်သက်တွေနဲ့အတူ  စေတီတော်ရင်ပြင်မှာ လှည့်လည်ခဲ့ကြတာပါ။

အဖွဲ့ဝင် ၅၆ ဦးပါဝင်တဲ့ လက်စတာစီးတီးအသင်းဟာ  ည ၇ နာရီခန့်မှာ Air Asia လေကြောင်းလိုင်းနဲ့ ဘန်ကောက်ကနေ ဗြိတိန်နိုင်ငံကို  ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လက်စတာအသင်းဟာ နာမည်ကြီး ဘောလုံးအသင်းတွေကို ကျော်ဖြတ်ပြီး ချန်ပီယံဆုဖလားရရှိခဲ့တာဖြစ်ပြီး  အသင်းရဲ့သမိုင်း (၁၃၂)နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုဖလား ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)