လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော်လမ်းလျှောက်တဲ့ ဖိုးစနေကို ဖမ်းဆီး

0
350

လက်ပံတောင်းတောင်စီမံကိန်းအတွက် တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒပြနေတဲ့ ဖိုးစနေ(ခေါ်)ကိုနေလင်းစိုးကို ဒီနေ့ မေလ ၂၃ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

13288044_1763557967212129_878378792_o

13288510_1763557980545461_333358738_o

13282416_1763557963878796_1266569748_o

ဒီကနေ့မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှာ ဖိုးစနေ(ခ)ကိုနေလင်းစိုးကို စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်က ဘုန်းကြီးကျောင်းရှေ့မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

လက်ပံတောင်းတောင်စီမံကိန်းလုပ်ဆောင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်မှုမရှိတာကြောင့် အခုလိုဆန္ဒပြနေတာဖြစ်တယ်လို့ ဖိုးစနေက ပြောပါတယ်။

နောက်ပြီး အခုလိုဆန္ဒပြနေတာဟာ အစိုးရကို ဆန့်ကျင်ဆန္ဒပြနေတာမဟုတ်ဘဲ ၀မ်ပေါင်ကုမ္ပဏီအနေနဲ့ အစီရင်ခံစာပါအတိုင်းလုပ်ဆောင်ပေးဖို့ဆန္ဒပြနေတာလို့ ဆိုပါတယ်။ ဒီကိစ္စကို လွှတ်တော်၊ နိုင်ငံတော်သမ္မတအထိ သိရှိအောင်ဆန္ဒပြလုပ်ဆောင်သွားမယ်လို့ မေလ ၂၂ ရက်နေ့က ပြောဆိုခဲ့တာပါ။

ဖိုးစနေ(ခ)ကိုနေလင်းစိုးဟာ ရန်ကုန်မြို့က လက်ပံတောင်းတောင်အထိ လမ်းလျှောက်ဆန္ဒပြဖို့ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)