ရဟန်းသံဃာတော်တွေ ကိုယ်တိုင် ကား/ဆိုင်ကယ်မောင်းနှင်ရင် အရပ်ဖက်ဥပဒေအရ အရေးယူခံရမယ်

0
386

ဇူလိုင်လ (၁)ရက်နေ့က စတင်ပြီး ရဟန်း၊ သံဃာတော်တွေ ကိုယ်တိုင် ကား/ဆိုင်ကယ် မောင်းနှင်ရင် အရပ်ဖက်ဆိုင်ရာ ဥပဒေအရ အရေးယူသွားဖို့ ရှိနေပါတယ်။

P4308855

ဒီလိုအရေးယူမယ့် အသိပေး အကြောင်း ကြားစာကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွေကို မေလ ၂၂ ရက် ရက်စွဲဖြင့် မြို့နယ်သံဃနာယကအဖွဲ့က ပေးပို့ထားတာပါ။
ဘုရားသားတော်တွေအနေနဲ့ ဝိနည်းတော်နဲ့ နေထိုင်တာက အကောင်းဆုံးဖြစ်ပြီး မန္တလေးမြို့ဟာ သွားရလာရ အကုန်လွယ်ကူတယ်လို့ ချမ်းအေးသာစံမြို့နယ် မဟာဝေယံဘုံသာကျောင်းတိုက်က စာချဆရာတော် ဦးတိက္ခဥာဏ(လူငယ်ဖွံဖြိုးရေးသင်တန်းနည်းပြဆရာ) က မိန့်ပါတယ်။
ဒါ့အပြင် ကားကို ရဟန်း သံဃာတော် တွေအနေနဲ့ ကိုယ်တိုင် မောင်းပြီး ဧည့်သည်တွေ၊ ဒကာမတွေ တင်ပြီး သွား လာမျိုးက အမြင်မသင့်ဘူးလို့လည်း ထပ်မံ မိန့်ကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)