ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းလဲဖို့ ပြည်ထောင်စု လွှတ်တော် အတည်ပြု

0
368

ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၂ ခုကို အမည်ပြောင်းလဲ ဖွဲ့စည်းဖို့ ပြည်ေထာင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

13220965_1626090217715308_5651576067108087998_n

မေလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အဲ့ဒီလို ဆုံးဖြတ်လိုက်တာပါ။ အဲ့ဒီလို အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းရာမှာတော့ အရင်က ကျန်းမာရေးဝန်ကြီးဌာနကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာပါ။ လက်ရှိ အခြေအနေမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ၀န်ကြီးအဖြစ် ဒေါက်တာမြင့်ထွေးနဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်သက်လွင်တို့ က တာဝန်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)