နိုင်ငံရေး အကျဉ်းသား ဟောင်းတွေရဲ့အတွေ့အကြုံတွေ၊ ပြဿ နာတွေနဲ့ ပတ်သက်ပြီး စာတမ်းထုတ်ပြန်မယ်

0
354

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အတွေ့အကြုံတွေနဲ့ ပြန်လည်ပေါင်း စည်းရေး စိန်ခေါ်မှု ပြဿနာတွေကို သုတေသနပြုလုပ်ထားတဲ့ “လွတ်မြောက်ပြီးတဲ့အခါ ဘ၀ကို အစကနေ ပြန်စကြရတယ်” ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ဖို့ရှိနေပါတယ်။

final (1)

အဲ့ဒီ အစီရင်ခံစာကို  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ (FPPS) တို့က သုတေသနပြု ထုတ်ပြန်လာတာပါ။

အဲ့ဒီ အစီရင်ခံစာနဲ့ပတ်သက်ပြီး မေလ (၂၅) ရက် နေ့လယ် ၂ နာရီအချိန် ရန်ကုန်မြို့ရှိ  Orchid Hotel မှာ သတင်းမီဒီယာတွေကို တရားဝင် ဖြန့်ချိသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၆၀၀ ကျော်ကို သုတေသနပြုလုပ်ထားပြီး အစီရင်ခံစာမှာ ပါဝင်တဲ့ အချက်အလက်တွေကို အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်အောင် အကြံပြုချက်တွေလည်း ပါဝင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)