နိုင်ငံအတွင်းမှာ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အသုံးမပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

0
318

နိုင်ငံအတွင်းမှာ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အသုံးမပြုဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို MCN သတင်းထောက် ဗျူးလာဦးက သတင်းပေးပို့ထားပါတယ်။

13232901_520525218147778_4235302071694182937_n

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး မေလ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ လူတွေကို စိတ်ဝမ်းကွဲစေပြီး သွေးဆူအုံကြွစေနိုင်တဲ့ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ အသုံးအနှုန်းတွေကို အသုံးမပြုဖို့နဲ့ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ အသုံးအနှုန်းက ငြိမ်းချမ်းရေးကို ရှာဖို့ ခက်ခဲကြောင်း၊ ဖြစ်ပေါ်နေတဲ့ ပြဿနာကို အမျှော်အမြင်ရှိရှိ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မ ဘာ့ကြောင့် စိတ်ခံစားမှု ဖြစ်စေမယ့် စကားအသုံးနှုန်းတွေ မသုံးဖို့ ပြောရသလဲ ဆိုရင် ကျွန်မတို့ဟာ စိတ်ခံစားမှုကို ဖြစ်စေမယ့် စကား အသုံးအနှုန်းတွေနဲ့ ပတ်သက်ရင် ခိုင်မာဖို့ လိုပါတယ်။ဘာလို့လဲဆိုတော့စိတ်ခံစားမှုဖြစ်စေတဲ့ စကားလုံးတွေဟာ ငြိမ်းချမ်းရေးကို ရှာဖို့ ခက်ခဲပါတယ်။ ကျွန်မတို့ရဲ့ ပြဿနာကို အမျှော်အမြင်ရှိရှိ ဖြေရှင်းရမှာဖြစ်ပါတယ်”လို့ ပြောပါတယ်

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာကိစ္စရပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းနဲ့ အဲဒီ အခေါ်အဝေါ်ကိစ္စဟာ ထိလွယ်ရှလွယ်ပြီး သဘောထားကွဲစေနိုင်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ ဂျွန်ကယ်ရီကပြောပါတယ်။

“တချိန်တည်းမှာပဲ ကျွန်တော်တို့ နားလည်ပါတယ်။ မြန်မာနိုင်ငံမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေတဲ့ အုပ်စုရဲ့ ကိစ္စရပ်နဲ့ ပတ်သက်လို့လည်း နားလည်ပါတယ်။ တခါတလေမှာ ကျွန်တော်တို့ရဲ့ သဘောထားအတိုင်း အဲဒီ အသုံးအနှုန်းကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ ၀န်ကြီးနဲ့ ဆွေးနွေးတဲ့ အခါမှာတော့ ဒီကိစ္စဟာ အာရုံစိုက်ပြီး သတိထား ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောခဲ့ပါတယ် ။

အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာပဲ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို ထောက်ပံ့ ပေးသွားမှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အ၀ ပြောင်းလဲရေးအတွက်ကတော့ အရေးကြီးတဲ့ အခက်အခဲတွေကတော့ ကျန်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က အမေရိကန်ရဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးခဲ့ပြီး စစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာတော့ ဒဏ်ခတ်မှု ဆက်ထားဆဲဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီးရဲ့ တစ်ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)