ရန်ကုန်မြို့မှာ ဘန်ကောက်မှာလို ညဈေးတန်းတွေစနစ်တကျ ဖွင့်လှစ်နိုင်ရေး ရန်ကုန်တိုင်းဝန်ကြီးချုပ် ထိုင်းသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေး

0
319

ရန်ကုန်မြို့မှာ ဘန်ကောက်လို ညဈေးတန်းတွေစနစ်တကျ ဖွင့်လှစ်ရောင်းချနိုင်ရေး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးကို တွေ့ဆုံ အကြံဥာဏ်တောင်းယူလိုက်ပါတယ်။

13245298_1061126207294968_1531229401024116631_n

မေလ ၂၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံ အကြံဥာဏ်တောင်းယူခဲ့တာပါ။ အဲ့ဒီလို အကြံဥာဏ်ရယူတဲ့နေရာမှာတော့ ရန်ကုန် ညဈေးတန်းတွေ၊ စနစ်တကျ ရောင်းချနိုင်ဖို့၊ ညဈေးတန်းတွေမှာ ရာင်းချတဲ့ အစားအစာတွေ ကျန်းမာရေးညီညွတ်မှုရှိစေဖို့၊ ဈေးဆိုင်တွေ သပ်ရပ်မှုရှိစေနဲ့ လိုအပ်တဲ့ လျှပ်စစ်မီး၊ ရေ၊ နေရာထိုင်ခင်းတွေနဲ့ ထွက်ရှိလာတဲ့ အမှိုက်တွေကို  စနစ်တကျသိမ်းဆည်းနိုင်ဖို့၊  နိုင်ငံခြားဧည့်သည်တွေကို  သန့်ရှင်းသပ်ရပ်တဲ့ ရန်ကုန်ညဈေးကို

စိတ်ဝင်တစား လည်ပတ်ဝယ်ယူ စားသုံးနိုင်စေဖို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ညဈေးဆောင်ရွက်မှု

စီမံကြီးကြပ်မှု စည်းမျဉ်းများချမှတ်မှုစတဲ့  အခြေခံအချက်အလက်တွေကို မေးမြန်းအကြံဥာဏ်ရယူပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)