သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ခြိမ်းခြောက်ခံနေရတဲ့လူသားများ ဓာတ်ပုံပြပွဲကျင်းပ

0
377

မြန်မာနိုင်ငံရဲ့ ထူးခြားလှပတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့အတူ ပျက်စီးယိုယွင်းမှုကြောင့် အနီးအနား ၀န်းကျင်မှာ နေထိုင်ကြသူတွေအတွက် ခြိမ်းခြောက်မှုတွေကို ဓါတ်ပုံပညာနဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရေမြေတောတောင်သဘာဝပတ်ဝန်းကျင်တွေရဲ့ စီးပွားရေးနဲ့လူမှုရေးခြိမ်းခြောက်မှုတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ WWF Myanmar (World Wide Fund For Nature) အဖွဲ့က လေ့လာဆန်းစစ်ခဲ့တာဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေကို ထားဝယ်ဒေသ၊ ပဲခူးရိုးမဒေသတွေက တောနက်တွေမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူသားနှင့်သဘာဝလို့ အမည်ပေးထားတဲ့ ဒီဓာတ်ပုံပြပွဲမှာ စစ်တမ်းကောက်ယူထားတဲ့ ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ နေရာတွေကိုလည်း ပြသထားတာဖြစ်ပါတယ်။

World Wide Fund For Nature (WWF)ဟာ အာဆီယံနိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီပြပွဲကို ရန်ကုန်မြို့ ၊ ၄၄လမ်းမှာ၇ှိတဲ့ မြန်မာဒိဌခန်းမမှာ မေလ ၂၀ ရက်နေ့ကနေ ဇွန်လ (၄)ရက်နေ့အထိ ပြုလုပ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)