သိမ်းဆည်းခံ လယ်မြေအတွင်း ဝင်ရောက်ထွန်ရက်တဲ့ တောင်သူတွေ တရားစွဲဆိုခံရ

0
386

တောင်သူ ၁၈ ဦးကို သိမ်းဆည်းခံလယ်မြေအတွင်းဝင်ရောက်ထွန်ယက်တဲ့အတွက် မြန်မာစူးတတ်-ကုမ္ပဏီ (နဝဒေး သကြားစက်) တရားစွဲဆိုထားပါတယ်။

ဒီသတင်းကို MCN သတင်းထောက် မောင်ပန်ကာက ရိုက်ကူး ထားပြီး MCN သတင်းထောက် ဒေးနိုင်က တင်ဆက်ပေးထားပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ သိမ်းဆည်းထားတဲ့ လယ်မြေများအတွင်း ဝင်ရောက်ထွန်ယက်စိုက်ပျိုး တဲ့ ပြည်မြို့နယ်အတွင်းက တောင်သူ ၁၈ ဦးကို မြန်မာစူးတက်-ကုမ္ပဏီ (နဝဒေးသကြားစက်)က တရားစွဲဆို ထားတာဖြစ်ပါတယ်။

ပြည်မြို့နယ်အတွင်းမှာရှိတဲ့ ရှမ်းကုန်း၊ ပန်းတင်၊ ရှမ်းစု၊ လေးထပ်ပြင်၊ ကန်ကြီးကုန်း ကျေးရွာတွေက လယ်မြေဧက ၅၂၉၁ ဧကကို မြန်မာ့ကြံလုပ်ငန်းက ၁၉၉၆ ခုနှစ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြန်မာ့ကြံလုပ်ငန်းက သိမ်းဆည်းခဲ့တဲ့ လယ်မြေ ၅၂၉၁ ဧကကို လယ်ယာမြေနှင့်အခြားမြေများ စုံစမ်းစစ်ဆေး ရေးကော်မရှင်(ပဲခူးတိုင်း)အဖွဲ့(၃)ထံ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တွင် မြန်မာစူးတတ် ကုမ္ပဏီ (နဝဒေးသကြားစက်)က ပြန်လည်သိမ်းယူခဲ့တာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ဒီလယ်မြေအတွင်း စိုက်ပျိုးသီးနှံ ထပ်မံစိုက်ပျိုးခဲ့မှုကြောင့် မူလတရားစွဲဆိုထားတဲ့ လယ်သမားတွေ အပါအ၀င် ထပ်မံတရားစွဲဆိုခံရတဲ့တောင်သူ ၁၈ ဦးဟာ ပြည်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်ဖြေရှင်းနေရ ပါတယ်။ တရားစွဲဆိုခံထားရတဲ့ တောင်သူတွေထဲက ထမ္မကောက်အုပ်စု၊ ရှမ်းကုန်းကျေးရွာက တောင်သူ ၄ ဦးကို ဇူလိုင် ၂၂ ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ ပြည်မြို့နယ်တရားရုံးကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)