မြိတ်မြို့က စစ်အစိုးရ သိမ်းယူခဲ့တဲ့ ဦးမြတ်လေးပန်းခြံ ပြည်သူလက်ထဲ ပြန်ရောက်ပြီ

0
341

ဆယ်စုနှစ် တစ်ခုကြာ သိမ်းဆည်းခံခဲ့ရတဲ့ မြိတ်မြို့က ဦးမြတ်လေး ပန်းခြံနေရာကို အများပြည်သူ အပန်းဖြေရာနေရာတစ်ခုအဖြစ် မကြာခင် ဖွင့်လှစ်ဖို့ ရှိနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို MCN သတင်းထောက် (နေမင်းခ) က သတင်းပေးပို့ထားပါတယ်။ (ရိုက်ကူးသတင်း-ညီဇော် )

အရင်အစိုးရ လက်ထက်တွေက ဆယ်စုနှစ် တစ်ခုကြာ သိမ်းဆည်းခံထားရတဲ့ မြိတ်မြို့ရဲ့ အထင်ကရ ပန်းခြံတစ်ခုဖြစ်တဲ့ ဦးမြတ်လေးပန်းခြံကို အများပြည်သူတွေ ပြန်လည် အသုံးပြုခွင့်ရအောင် ဆောင်ရွက် နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောကြားလိုက်တာပါ။ ဒီလိုဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရအဖွဲ့ ဘတ်ဂျက်နဲ့အတူ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ ပြုပြင်သွားဖို့ရှိနေတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဇွန် (၁၉) နေ့က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၁) နှစ် မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ သစ်ပင်စိုက်ပျိုးမှုတွေကို မြို့ခံတွေ ပြုလုပ်ခဲ့ကြတာပါ။

အဲ့ဒီ ပန်းခြံဟာ စတင် သိမ်းဆည်းခံရစဉ်က (၂.၃၉) ဧက အကျယ်အ၀န်းရှိခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ (၁) ဧကလောက်သာ ရှိတော့တာပါ။ အဲ့ဒီမြေနေရာထဲက တိုင်းစည်ပင်သာယာရေးရုံး အဆောက်အအုံကိုလည်း အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတစ်ခု ဖြစ်လာဖို့ မြို့ခံတွေက မျှော်လင့် နေကြတာပါ။

အဲ့ဒီ ဦးမြတ်လေးပန်းခြံက မြိတ်မြို့ရဲ့ နောက်ဆုံးမြို့ဝန်ဖြစ်ခဲ့တဲ့ ဦးမြတ်လေးကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ တပ်မတော် အစိုးရလက်ထက်မှာ သိမ်းဆည်းခံခဲ့ရတာဖြစ်ပြီး တိုင်းဒေသကြီး စည်ပင်ရုံး အဆောက်အအုံအဖြစ် ဖွင့်လှစ် အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)