တယ်လီနောဆင်းမ်ကတ် အသုံးပြုသူတွေ ဘေလ်မကုန်ဘဲ ဖုန်းဖြင့် အလုပ်ရှာဖွေ လျှောက်ထားနိုင်ပြီ

0
360

တယ်လီနောဆင်းမ်ကတ် အသုံးပြူသူတွေ အနေနဲ့ အလုပ်အကိုင်တွေကို အင်တာနက်ကနေတဆင့် ဘေကုန်စရာမလိုဘဲ ရှာဖွေလျှောက်ထား နိုင်တော့မယ့်အကြောင်းကို MCN သတင်းထောက် အောင်ကျော်မိုးက သတင်းပေးပို့ထားပါတယ်။

တယ်လီနောကုမ္ပဏီ နဲ့ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ work.com တို့ပူးပေါင်းပြီး အွန်လိုင်းမှာ အလုပ်အကိုင်ရှာဖွေလျှောက်ထားသူတွေကို အခမဲ့ ၀န်ဆောင်မူပေးတော့မှာဖြစ်ပါတယ်။
အဲ့ဒီဝန်ဆောင်မူကိုတော့ ဇွန်လ ၁၅ ရက်နေ့က စတင်ခဲ့ တာဖြစ်ပြီး လက်ရှိအချိန်မှာ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။
ဇွန်လ ၂၂ ရက်နေ့က တယ်လီနော် ကုမဏီ နဲ့ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ work.com တို့က သူတို့ရဲ့ ၀န်ဆောင်မှုအကြောင်းကို မီဒီယာတွေကို သတင်းစာရှင်းလင်းခဲ့တာပါ။

၂၀၁၂ခုနှစ်လောက်မှာ အွန်လိုင်းကတစ်ဆင့် အလုပ်အကိုင်တွေကို စတင်လျှောက်ထားနိုင်တာဖြစ်ပါတယ်။
အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်း အလုပ်အကိုင် ရှာဖွေလျှောက်ထားသူတွေကို ၀န်ဆောင်ခ အခမဲ့ ဆောင်ရွက်ပေးနေတာပါ။

မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုကာ အလုပ်အကိုင်ရှာဖွေသူတွေ အရေအတွက်ဟာ ၂၀၁၄ ခုနှစ်လောက်ရောက်ရှိမှသာ သိသိသာသာ များပြားလာတာဖြစ်ပြီး အခုအခါမှာတော့ အွန်လိုင်းပေါ်မှာ အလုပ်လျှောက်သူအရေအတွက်ဟာ work.com တစ်ခုတည်းမှာတင် အရေအတွက် ၂ သိန်းကျော်ရှိနေတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)